• နိုင်ငံ: Tanzania, United Republic Of
  • နေ့စွဲ: 2017-06-20

CAR FROM JAPAN actually this game looking to be good and I espect to be among of the winners in remaining months I hope I will be among

စပွန်ဆာပေးသည်မှာ

CAR FROM JAPAN
  • CAR FROM JAPAN CO., LTD.
  • Toujiki Building 7F, 3-10-7 Iwamotocho, Chiyoda,
  • Tokyo, JAPAN 101-0032

ရုံးဖွင့်ချိန်

  • တနင်္လာ-သောကြာ: 9am-6pm
  • အားလပ်ရက်: စနေနှင့်တနင်္ဂနွေ၊ ဂျပန်အားလပ်ရက်

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ဤ၀က်ဆိုဒ် CAR FROM JAPAN အား CAR FROM JAPAN CO., LTD မှပြုလုပ်ပါသည်။

ပြိုင်ဘက်မရှိသက်သာသောဈေးနှုန်းဖြင့် ထောင်နှင့်ချီသော ဂျပန်တစ်ပတ်ရစ်ကားများကို သင်လွယ်ကူစွာနှင့်တိုက်ရိုက်ကြည့်ရှုနိုင်အောင် ကျွန်ုပ်တို့လုပ်ဆောင်ပေးထားပါတယ်။

ဂျပန်တခွင်မှ ရာနှင့်ချီသည့်တစ်ပတ်ရစ်ကားတင်ပို့ရောင်းချသူတို့က ကားများကိုသက်သာသည့်ဈေးနှုန်းဖြင့်ရောင်းချနိုင်အောင် ကျွန်ုပ်တို့နှင့်ယုံကြည်စွာပူးပေါင်းလုပ်ကိုင်နေပါတယ်။ ကျွန်ုပ်တို့မှ သင့်အတွက်ကားဝယ်ယူရန် စာရွက်စာတမ်းကိစ္စများအားလုံးကိုတာဝန်ယူလုပ်ဆောင်ပေးမည့်အပြင် ငွေပေးချေမှုလုံခြုံစိတ်ချရအောင် နှင့် ငွေကြေးနှင့်ထိုက်တန်သည့်အကောင်းဆုံးအရည်အသွေးရရှိအောင်လည်းဆောင်ရွက်ပေးပါမည်။

လုံခြုံစိတ်ချရစွာငွေပေးချေနိုင်မှု.ဘောင်ချာဈေးအပြင်အပိုထပ်ဆောင်းပေးရန်မလို။ အပြည့်အ၀ စိတ်ကျေနပ်မှုရရှိစေရမည်။

ကျွန်ုပ်တို့မှာ ကားဝယ်ယူမည့်သူ သင့်အတွက် အလုပ်လုပ်ပေးခြင်းဖြစ်ပါသည်။ သင်ဝယ်ယူသည့်ကားကို သင့်ထံသို့သင်္ဘောဖြင့်အရောက်ပို့ဆောင်ပေးပြီးမှသာ ရောင်းချသူထံငွေလွဲပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် သင်ဝယ်ယူသည့်ကားကို သင့်ထံလုံခြုံစွာနှင့် အလျှင်မြန်ဆုံးပို့ဆောင်နိုင်အောင် အစွမ်းကုန်အားထုတ်ဆောင်ရွက်ပေးပါတယ်။ ဖြစ်တောက်ဖြစ်ခဲ အကြောင်းတစ်ခုခုကြောင့် သင်မှာယူသည့်ကားသင့်ထံမရောက်ရှိလာလျှင်လည်း တစ်ရာရာခိုင်နှုန်းငွေပြန်အမ်းပေးပါတယ်။

ကျွန်ုပ်တို့လူမျိုးပေါင်းစုံဝန်ထမ်းများအဖွဲ့မှ သင့်အားပြည်တွင်း၌ပင်အရောင်းအ၀ယ်လုပ်နေသကဲ့သို့ ခံစားရအောင်ဝန်ဆောင်မှူပေးနိုင်ပါသည်။

CAR FROM JAPAN မှဝန်ထမ်းများအဖွဲ့သည် လူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့်အတွက် များစွာဂုဏ်ယူမိပါသည်။ ကွဲပြားတဲ့ဒေသစံတော်ချိန်နှင့် မတူညီတဲ့ဘာသာစကားများအကြား နေထိုင်ပြောဆိုနေကြသော်လည်း လူကြီးမင်းတို့အနေနှင့် ကျွန်ုပ်တို့နှင့် ဆက်သွယ်ပြောဆိုရန်အခက်အခဲဖြစ်စရာမရှိပါ။ ကျွန်ုပ်တို့ဆီမှာ သင့်ဘာသာစကားကိုနားလည် ပြောဆိုနိုင်မည့်သူတစ်ဦး အမြဲတမ်းရှိပါတယ်။ သူက သင်နဲ့နီးတဲ့အနီးအနားပတ်ဝန်းကျင်မှာတောင် ရှိရင်ရှိနေပါလိမ့်မယ်!

ကားအမျိုးအစားတိုင်း၊ မော်ဒယ်တိုင်း၊ ဈေးနှုန်းတိုင်း။ အားလုံးပါဝင်အောင်စုဆည်းပေးထားပါသည်။

ကျွန်ုပ်တို့ဝက်ဆိုဒ်သည် အင်တာနက်ပေါ်တွင် ဂျပန်တစ်ပတ်ရစ်ကားမျိုးစုံပြသရောင်းချသည့် အကြီးဆုံးသောဝက်ဆိုဒ်များအနက်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့မှ ရောင်းချနိုင်သည့်ကားအရေအတွက် မြန်ဆန်စွာပိုမိုများပြားလာအောင်နေ့စဉ်နှင့်အမျှအစွမ်းကုန်ကြိုးစားအားထုတ်လျက်ရှိပါသည်။ ကားမျာကိုလည်းပြိုင်ဖက်မရှိသက်သာသောဈေးနှုန်းဖြစ်အောင်လည်း ကြိုးစားထားပါတယ်။ အမှန်ပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပင် ရောင်းရန်ရှိကားစာရင်းစာမျက်နှာများဆီကို သွားရောက်ကြည့်ရှုပြီးသိနိုင်ပါတယ်။